၂၀၂၅ ခုနှစ်တွင် ပုဇွန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ရရှိရန် ဗီယက်နမ်၏ Bac Lieu ပြည်နယ် ရည်မှန်း

Powered by Drupal

          ဗီယက်နမ်နိုင်ငံ Bac Lieu ပြည်နယ်သည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏စုစုပေါင်းတင်ပို့မှု တန်ဖိုး၏ ၉၅ ရာခိုင်နှုန်းရှိသည့် ပုဇွန်တင်ပို့မှုမှတစ်ဆင့် ၁.၂ ဘီလီယံ ရရှိရန် ရည်မှန်းထား ကြောင်း သိရပါသည်။ လတ်တလောတွင် တစ်နှစ်လျှင် တန်ချိန် ၂၉၄၀၀၀ တန် ပြုပြင်ထုတ်လုပ် နိုင်စွမ်းရှိသည့် ခေတ်မီနည်းပညာများတင်ဆင်ထားသည့် ပင်လယ်စာပြုပြင်ထုတ်လုပ်သည့် စက်ရုံ ၄၈ ခုရှိကြောင်း သိရပါသည်။ ပြည်နယ်၏ရေထွက်ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၁၈ ဘီလီယံထိ ရောက်ရှိခဲ့ပြီး အေးခဲထားသောပုဇွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၁၃ ဘီလီယံ တန်ဖိုးရှိကာ ၂၀၂၃ ခုနှစ်ကထက် ၁၆ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ဒေသတွင်းပြုပြင်ထုတ်လုပ်ထားသည့် ပုဇွန်ထုတ်ကုန်များသည့် ဂျပန်၊ အမေရိကန်၊ ဥ‌ရောပသမဂ္ဂ၊ တရုတ်၊ ‌တောင်ကိုရီးယားနှင့် များစွာသောကမ္ဘာ့ဈေးကွက်များ အစ ရှိသည့် ဈေးကွက်များသို့ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။ ရေထွက်ကုန် အဓိက အားဖြင့် ပုဇွန်မွေးမြူရေးသည် ဒေသစီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ဖော်ပြချက် အရ ၂၀၂၄ ခုနှစ်တွင် ရေလုပ်ငန်းကဏ္ဍ၌ မွေးမြူရေးဧရိယာ ၁၅၀၀၀၀ ဟတ်တာရှိကြောင်း သိရ ပါသည်။ များစွာသော စီးပွားရေးလုပ်ငန်းများက ဆန်းသစ်တီထွင်မှုများပြုလုပ်လာမှုနှင့်အတူ ဒေသခံများသည်လည်း သန့်ရှင်းသောအော်ဂဲနစ်နည်းပညာမြင့် မွေးမြူရေးပုံစံကို ကျင့်သုံးလာ ကြောင်း သိရပါသည်။ ယနေ့အချိန်အထိ Bac Lieu တွင် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပြည်နယ်ပြည်သူ့ကော်မတီထံမှ နည်းပညာမြင့်စိုက်ပျိုးမွေးမြူမှု ကျင့်သုံးသည့်အတွက် ထောက်ခံချက်လက်မှတ်ရရှိထားသည့် ကုမ္ပဏီ ၆ ခုနှင့် BAP၊ GlobalGAP နှင့် ASC အစရှိသည့် နိုင်ငံတကာထောက်ခံချက်လက်မှတ်များ ရရှိထားသည့် စီးပွားရေးလုပ်ငန်း နှင့် ကော်ပိုရေးရှင်း ၂၃ ခုနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်း ၃၁၆ ခုရှိကြောင်း သိရပါသည်။ ထိုအောင်မြင်မှုများရှိနေသော်လည်း ပြည်နယ်သည် နိုင်ငံ၏အဓိကပုဇွန်မွေးမြူရာ အချက်အချာ ဖြစ်လာရန်အတွက် သဘာဝပတ်ဝန်းကျင်ပြသနာ၊ ရောင်းလိုအား-ဝယ်လိုအားချိတ်ဆက်မှု အားနည်းမှုနှင့် အချက်အလက်ဖြည့်သွင်းမှုကုန်ကျစရိတ်မြင့်တက်လာမှု ပါဝင်သည့် များစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျှက်ရှိကြောင်း သိရပါသည်။ Bac Lieu ပြည်နယ် စိုက်ပျိုးမွေးမြူရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Pham Van Muoi က ထိုစိန်ခေါ်မှုများရှိနေခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ခေတ်မီသန့်ရှင်းပြီး တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာမြင့် ပုဇွန် မွေးမြူခြင်း၊ ခေတ်မီစီမံခန့်ခွဲခြင်း၊ တန်ဖိုးကွင်းဆက်သို့ဝင်ရောက်ခြင်းနှင့် သန့်စင်သော ထုတ်လုပ် ခြင်းတို့သည် ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျကြောင်းနှင့် ပြည်နယ်သည် ပုဇွန်၊ ဂဏန်းတို့ပါဝင်သည့် အဓိကရေထွက်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပြီး မွေးမြူရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ နှစ်ဖက်စလုံး အကျိုးအမြတ် ရရှိစေရန် ဆက်လက်ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)