၂၀၂၄ ခုနှစ်တွင် မော်တော်ဆိုင်ကယ်နှင့်ကားရောင်းချရမှုစံချိန်တင်ခဲ့သည့် ဟွန်ဒါဗီယက်နမ်

Powered by Drupal

          ဟွန်ဒါဗီယက်နမ်ကုမ္ပဏီလီမိတက်သည် ၂၀၂၄ ခုနှစ်တွင် မော်တော်ဆိုင်ကယ်နှင့် ကား နှစ်မျိုးစလုံး ‌ရောင်းအားကောင်းခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂.၈ ရာခိုင်နှုန်းနှင့် ၁၉ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ မော်တော်ဆိုင်ကယ်ကဏ္ဍတွင် ကုမ္ပဏီသည် အစီးရေ ၂.၁၄ သန်းကျော် ရောင်းချခဲ့ရကြောင်းသိရပါသည်။ ဟွန်ဒါသည် ဗီယက်နမ်မော်တော်ဆိုင်ကယ် ဈေးကွက်ဝေစု၏ ၈၀.၉ ရာခိုင်နှုန်း ရရှိထားမှုနှင့်အတူ ဗီယက်နမ်မော်တော်ဆိုင်ကယ်ထုတ်လုပ် သူများအသင်းတွင် အားကောင်းစွာလွှမ်းမိုးထားကြောင်း သိရပါသည်။ ၂၀၂၅ ဘဏ္ဍာရေးနှစ် (ဧပြီလ ၂၀၂၄ မှ မတ်လ ၂၀၂၄) အတွက်မော်တော်ဆိုင်ကယ်ရောင်းချရမှုမှာ ဒီဇင်ဘာလကုန်တွင် အစီးရေ ၁.၆၆ သန်းရှိခဲ့ ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၆.၁ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းရှိ များစွာသောဈေးကွက်များသို့ အစီးရေ ၂၈၀၀၀ ရောင်းချခဲ့ကြောင်း သိရပါသည်။ မော်တော်ကားကဏ္ဍတွင်မူ ဒီဇင်ဘာလတွင် အစီးရေ ၂၃၇၄ စီးဖြင့် နိုဝင်ဘာလ ရောင်းချရမှုထက် ၄၉ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ၂၀၂၄ တစ်နှစ်တာ ရောင်းချရမှုမှာ  အစီးရေ ၂၈၂၆၇ စီးဖြင့် အားကောင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက်မူ ဒီဇင်ဘာလကုန်တွင် အစီးရေ ၂၂၁၄၈ စီးရောင်းချခဲ့ရပြီး ၂၀၂၄ တူညီသည့်ကာလထက် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုစီးပွားရေးရလဒ် များနှင့်အတူ ဟွန်ဒါဗီယက်နမ်သည် နိုင်ငံတွင်ထိပ်တန်း မော်တော်ဆိုင်ကယ်နှင့် မော်တော်ကား ထုတ်လုပ်သူအဖြစ်တည်ရှိနေသည့် ၎င်း၏တည်နေရာကို ပိုမိုအားကောင်းစေခဲ့ကြောင်း သိရ ပါသည်။

DOCA(ရန်ကုန်)