“ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိနို့နှင့်နို့ထွက်ပစ္စည်းရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရပ်ကွက်များတွင် နို့နှင့်နို့ထွက်ပစ္စည်း အမျိုး မျိုးရောင်းချသည့်ဆိုင်များသို့ နို့နှင့်နို့ထွက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ နို့နှင့်နို့ ထွက်ပစ္စည်းအမျိုးမျိုးရောင်းချသော ဈေးပိုင်းရပ်ကွက် ရတနာပုံ (၁)လမ်း၊ အမှတ်(၅၈) စိတ်တိုင်းကျ (ရေသန့်၊ အချိုရည်)မျိုးစုံရောင်းဝယ်ရေးနှင့် ဈေးပိုင်းရပ်ကွက် ရတနာလမ်း အမှတ် (၇၁) ခေတ်သစ်မုန့်တိုက်ဆိုင်များသို့ နို့နှင့်နို့ထွက်ပစ္စည်းများဖြစ်သော PEP နို့အရသာ၊ VEVE နို့အရသာ၊ နို့စတော်ဘယ်ရီအရသာ၊ SWIS နို့စိမ်း၊ Mother Choice တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိကြောင်း တွေ့ရှိခဲ့ကြသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးကတွေ့ရှိရသော နို့နှင့်နို့ထွက်ပစ္စည်း များကဲ့သို့ စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိပြီး သက်ဆိုင်ရာထောက်ခံချက် များပါရှိသော စားသောက်ကုန်များကိုသာ ရွေးချယ်ရောင်းချသွားကြရန် အသိပညာပေးတွေ့ဆုံပြီး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)