ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်း (၁၀၄၅၅၈) ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၄ ခုနစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ လျာထား (၁၀၄၅၅၈) ဧကအား ပြည့်မှီအောင် စိုက်ပျိုးပြီးစီးပြီး သီးနှံအထွက်နှုန်းတိုးတက်စေရန် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါမကျရောက်စေရေး ကြိုတင်ကာကွယ်နှိမ်နှင်းခြင်း လုပ်ငန်းများကို ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ခရမ်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားရေးရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေသီးနှံဝင်ငွေတိုးပွား စေဖို့ရည်ရွယ်ပြီး ပဲတီးစိမ်း (၁၀၄၅၅၈)ဧက လျာထားစိုက်ပျိုးခဲ့ရာ လျာထားဧကပြည့်မှီအောင် စိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိစိုက်ပျိုးပြီးစီးတဲ့ ပဲတီစိမ်းစိုက်ခင်းတွေကို သီးနှံအထွက်နှုန်းကောင်းမွန်အောင် တောင်သူ တွေက ကြိုးပမ်းလုပ်ကိုင်နေကြပြီး စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း တောင်သူအသိပညာပေးလုပ်ငန်း များကို ကူညီဆောင်ရွက်ပေးနေကြောင်း သီးနှံစိုက်ပျိုးရာတွင်အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ပဲစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ များပိုမိုဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ယခုနှစ်ပဲတီစိမ်းစိုက်ပျိုးရာသီတွင် ဒေသနှင့်ကိုက်ညီသော မျိုးသန့်မျိုးစေ့များ ရွေးချယ်မှန်ကန်စေရေး၊ မြေဆီမြေလွှာကောင်းမွန်အောင်ပြုပြင်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ ပိုးသတ်ဆေးသုံးစွဲနည်းစနစ်များ မှန်ကန်စေရေးစသည့် တောင်သူအသိပညာပေးလုပ်ငန်းများ ကိုစိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
DOCA(ရန်ကုန်)