၁၃.၁.၂၀၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်စည်ပင်သာယာဈေးများဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အခြေခံ စားသောက်ကုန်များကို တန်ဖိုးသင့်တင့်စွာဖြင့် စားသုံးနိုင်ရေးအတွက် မြို့နယ်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချနေမှု ရှိ/ မရှိ အား ပူးပေါင်းကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဈေး (၂) ဈေးနှင့် ရက်ကွက် (၃) ခု ရှိ အရောင်းဆိုင် (၉)ဆိုင် တို့ရှိ ဆန်၊ ဆီ၊ ဘဲဥ၊ ကြက်ဥနှင့် အခြေခံ စားသောက်ကုန်များကို တန်ဖိုးသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် သင့်တင့်မျှတစွာ ရောင်းချပေးနိုင်ရန် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက အသိပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အငယ်တန်းစာရေး)မှ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းမြှင့်တင်ရောင်းချနေ သည်ကိုတွေ့ရှိပါက စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့် ဝနဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)