ဇန်နဝါရီလဝယ်လိုအားပြည့်မီရန် ကျောက်မီးသွေးတန်ချိန် ၃ သန်းနီးပါး ထုတ်လုပ်မည့် ဗီယက်နမ်

Powered by Drupal

          ဓာတ်အားပေးစက်ရုံများနှင့် လာမည့်တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်ရန် ကုန်ထုတ်လုပ်မှု မြင့်တက်လာခြင်းတို့ကြောင့် ဇန်နဝါရီလတွင် ကျောက်မီးသွေးဝယ်လိုအား သိသာစွာမြင့်တက်ရန် ခန့်မှန်းရကြောင်း သိရပါသည်။ ဇန်နဝါရီလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မြင့်တက်လာခြင်းသည် ကျောက်မီးသွေးလုပ်ငန်းနယ်ပယ်အတွက် ဈေးကွက်သုံးစွဲမှု လိုအပ်ချက်ပြည့်မီရန် ထုတ်လုပ်မှုအရှိန်မြှင့်နိုင်မည့် အခွင့်အလမ်းကို ရရှိစေနိုင်ကြောင်း သိရ ပါသည်။ ဗီယက်နမ် အမျိုးသားကျောက်မီးသွေး-သတ္ထုလုပ်ငန်း ကော်ပိုရေးရှင်းလီမိတက် (Vinacomin ) က ၎င်းတို့သည် ဇန်နဝါရီလနှင့် ပထမသုံးလပတ်တာကလအတွက် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။ ဇန်နဝါရီလတွင် ၎င်းတို့သည် ကျောက် မီးသွေးအကြမ်း တန်ချိန် ၂.၉ သန်းထုတ်လုပ်ပြီး ၁.၃ သန်းနီးပါးတင်သွင်းရန် အစီအစဉ်ရှိကြောင်း သိရပါသည်။ ဇန်နဝါရီလအတွက် ကျောက်မီးသွေးသုံးစွဲမှုသည် တန်ချိန် ၄.၃ သန်း ရှိရန်ခန့်မှန်း ရပြီး တန်ချိန် ၃.၇ သန်း ကို ဓာတ်အားပေးစက်ရုံများ၊ တန်ချိန် ၄၂၀၀၀ ကို ဘိလပ်မြေစက်ရုံများ၊ တန်ချိန် ၁၈၅၀၀၀ ကို ဓာတ်မြေဩဇာနှင့် ဓာတုစက်ရုံများနှင့် တန်ချိန် ၃၃၁၀၀၀ ကို အခြား စက်ရုံများအတွက် ပံ့ပိုးပေးသွားမည်ဟု သိရပါသည်။ တစ်ချိန်တည်းမှာပင် ကျောက်မီးသွေး တန်ချိန် ၂၇၅၀၀ ကို တင်ပို့သွားမည်ဖြစ်ကြောင်း Vinacomin ၏ အဆိုအရ သိရပါသည်။

DOCA(ရန်ကုန်)