ဂျာမနီနိုင်ငံ ဆီမီးကွန်ဒတ်တာထုတ်လုပ်သူ Infineon သည် လျှပ်စစ်မော်တော်ယာဉ်နှင့် ဒေတာစင်တာလုပ်ငန်းများအတွက် ဝယ်လိုအားကြီးထွားလာမှုကို ဖြည့်စည်းပေးရန် ထိုင်းနိုင်ငံ တွင် ၎င်းတို့၏ ပထမဆုံးစက်ရုံကို တည်ဆောက်လျှက်ရှိကြောင်း သိရပါသည်။ ထိုစက်ရုံကို ၂၀၂၆ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ် အဖွဲ့ (BOI) ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Narit Therdsteerasukdi က စီးပွားရေးတိုးချဲ့မှုသည် ထိုင်းအစိုးရနှင့် Infineon ကြားနီးကပ်ပြီးတည်ငြိမ်သော မိတ်ဖက်ဖွဲ့မှု၏ အရေးပါမှုကို ပြသနေပြီး ထိုင်းနိုင်ငံစီးပွားရေးဝန်းကျင်နှင့် ကြီးထွားမှု အလားအလာတွင် အပြန်အလှန်ယုံကြည်မှု ရှိနေခြင်းကို သရုပ်ပြနေကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် ဇန်နဝါရီလ ၁၃ ရက်နေ့က ထိုင်းဝန်ကြီးချုပ်နှင့် အစည်းအဝေးပြုလုပ်ပြီးနောက် Samut Prakan ရှိ ဆောက်လုပ်ရေးနေရာတွင် စက်ရုံသစ်စတင်ဆောက်လုပ်သည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် ဆီမီးကွန်ဒတ်တာလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်လျှက်ရှိကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်ဒီဇင်ဘာလတွင် အသစ်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးချုပ်က ဥက္ကဌအဖြစ်တာဝန်ယူ ထားသော အမျိုးသားဆီမီး ကွန်ဒတ်တာနှင့်အဆင့်မြင့် အီလတ်ထရောနစ်မူဝါဒကော်မတီသည် ၂၀၂၉ ခုနှစ်တွင် ကဏ္ဍသို့ အနည်းဆုံး ဘတ် ၅၀၀ ဘီလီယံဝင်ရောက်လာနိုင်သည့် ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လှိုင်းလုံးသစ်အတွက် ပြင်ဆင်ရန် ကျွမ်းကျင်သောလုပ်သားထု ဖွံ့ဖြိုး တိုးတက်ရေးမူဘောင်ကို အတည်ပြုခဲ့ကြောင်း သိရပါသည်။ Infineon သည် ထောက်ပံ့မှုကွင်းဆက်တွင် အဓိက အစိတ်အပိုင်းများ ပံ့ပိုးပေးခြင်းနှင့် နယ်ပယ်အတွင်းကျွမ်းကျင်သော လုပ်သားထုဖွံ့ဖြိုး တိုးတက်ရေးကို ပံ့ပိုးပေးခြင်းတို့ပါဝင်သော ထိုင်းနိုင်ငံ၏ ဆီမီး ကွန်ဒတ်တာဂေဟ စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးမည်ဟု သိရပါသည်။ တက္ကသိုလ် များနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် Infineon သည် အဆင့်မြင့်ဆီမီးကွန်ဒတ်တာများတွင် ကျွမ်းကျင်မှုမြင့်မားသော အင်ဂျင်နီယာများ မွေးထုတ် ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ဘက်ပေါင်းစုံလေ့ကျင့်ခြင်းနှင့် ပညာရေးပရိုဂရမ် များသည် AI၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် လူအစားစက်အစားထိုး လုပ်ကိုင်မှုဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်နိုင်မည်ဟု သိရပါသည်။ အခြား Infineon site များတွင် ထိုင်းအင်ဂျင်နီယာပထမအသုတ်သည် ထိုလေ့ကျင့်ရေးပရိုဂရမ်ကို အောင်မြင်စွာပြီးမြောက် ခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)