စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည် ၁၃.၁.၂၀၂၅ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ သရက်ကုန်း(၁) ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူများအား အစားအသောက်များ ဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားများပါသော အစားအသောက်များကိုသာ ဝယ်ယူ စားသောက်တတ်စေရန်၊ သက်တမ်းကုန်ရက်စွဲပါရှိ/မရှိ၊ ပါဝင်ပစ္စည်းနှင့်ဓါတ်မတည့်မှုများ မဖြစ်ပေါ် စေရန်၊ ပါဝင်ပစ္စည်းများ ဖော်ပြထားရှိမှုကို စစ်ဆေးပြီးမှ ဝယ်ယူစားသောက်ရန် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် သတိပြုရမည့်ရှောင်ရန်/ဆောင်ရန် အချက်အလက်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)