၂၀၂၅ ခုနှစ်တွင် စံချိန်တင်ကျောက်မီးသွေးရောင်းချခဲ့ရသည့် ဖိလစ်ပိုင်၏ Semirara

Powered by Drupal

          တရုတ်နှင့်ပြည်တွင်းဈေးကွက်မှ ဝယ်လိုအားကောင်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ Semirara သတ္ထုတွင်းနှင့် စွမ်းအင်ကော်ပို‌ရေးရှင်း (SMPC) သည် ၂၀၂၄ ခုနှစ်တွင် ကျောက် မီးသွေး ရောင်းချရမှုစံချိန်တင်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်က ကျောက် မီးသွေး ၁၆.၅ သန်းမက်ထရစ်တန် ရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်က တင်ရှိထားသည့် စံချိန် ၁၅.၈ သန်းမက်ထရစ်တန် ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။ SMPC ၏ ဥက္ကဌနှင့် COO ဖြစ်သူ Maria Cristina Gotianun ကကုမ္ပဏီသည် သုံးနှစ်ဆက်တိုက် ကျောက်မီးသွေးထုတ်လုပ်မှု ၁၆ သန်းမက်ထရစ်တန် ရှိခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့်သင့်လျော်မှုအသိအမှတ်ပြုချက်အောက်ရှိ အမြင့်ဆုံးခွင့်ပြုချက်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့် ထိုအောင်မြင်မှုသည် SMPC က ပြည်တွင်း နှင့်ကမ္ဘာ့စွမ်းအင်ဝယ်လိုအားမြင့်တက်လာမှုအား ဖြည့်စည်းနိုင်ကြောင်းကို ပြသနေကြောင်း  ပြောကြားခဲ့ပါသည်။ တရုတ်သို့တင်ပို့မှုအားကောင်းမှုကြောင့် လွန်ခဲ့သည့်နှစ်တွင် SMPC ၏ပြည်ပသို့စုစုပေါင်းတင်ပို့မှုသည် ၈.၄ သန်းမက်ထရစ်တန်ရှိခဲ့ပြီး တရုတ်သို့တင်ပို့မှုမှာ ၇.၆ သန်း မက်ထရစ်တန်ရှိကြောင်း သိရပါသည်။ ပြည်တွင်းဘိလပ်မြေထုတ်လုပ်သူများနှင့် စွမ်းအင် စက်ရုံများသို့ ရောင်းချမှုမြင့်မားမှုကြောင့် ပြည်တွင်းရောင်းချမှုမှာ ၈ သန်းမက်ထရစ်တန် ရှိကြောင်း သိရပါသည်။ ထိုပမာဏထဲမှ ၁.၃ သန်းမက်ထရစ်တန်သည် Cemex Holdings Philippines Inc. သို့ ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း သိရပါသည်။ Cemex သည် ဖိလစ်ပိုင်နိုင်ငံ၏ စတုတ္ထအကြီးမားဆုံး ဘိလပ်မြေစက်ရုံဖြစ်ပြီး ၎င်းတို့ထုတ်လုပ်သည့် Apo Portland ဘိလပ်မြေ သည် Visayas ကျွန်းနှင့် Mindanao ကျွန်းတို့တွင် လူကြိုက်များကြောင်း သိရပါသည်။ Gotianun က ၎င်းတို့သည် ဝယ်ယူသူဈေးကွက်အားကောင်းစေရန်နှင့် လည်ပတ်မှုစွမ်းရည် မြှင့်တင်ရန်  ဆက်လက်အဓိကထားကြောင်းနှင့် ထိုကနဦးဆောင်ရွက်မှုများသည်  နိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့် စက်မှုနှင့် ဘိလပ်မြေကဏ္ဍများမှဝယ်လိုအားကြီးထွားလာမှုကို SMPC ကထိရောက်စွာဖြည့်စည်း ပေးရန်အတွက် ကူညီပေးနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါ သည်။ နိုင်ငံ၏ထိပ်တန်း ကျောက်မီးသွေးထုတ်လုပ်သူဖြစ်သည့် SMPC သည် နိုင်ငံတစ်ဝှမ်းရှိ စွမ်းအင်စက်ရုံများ၊ ဘိလပ်မြေစက်ရုံများနှင့် စက်မှုဇုန်များကို ပံ့ပိုးရောင်းချပေးလျှက်ရှိကြောင်း သိရပါသည်။ တရုတ်နိုင်ငံအပြင် ၎င်းတို့သည် တောင်ကိုရီးယား၊ ဘရုနိုင်း နှင့် အခြားနီးစပ်သည့်ဈေးကွက်များ သို့ ကျောက်မီးသွေးတင်ပို့လျှက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)