Nam Trang Cat စက်မှုဇုန်၌ အဓိကရင်းနှီးမြှုပ်နှံမှုများကို ဗီယက်နမ်ဝန်ကြီးချုပ်ခွင့်ပြု

Powered by Drupal

          ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်သည် Hai Phong ဆိပ်ကမ်းမြို့ရှိ Nam Trang Cat စက်မှုဇုန်၌ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ Vinhomes Industrial Zone Investment JSC ကဦးစီးဦးဆောင်ပြုသည့် စီမံကိန်း သည် Vinhomes က ဗီယက်နမ်ဒေါင် ၃၃၇.၉ ဘီလီယံရင်းနှီးမြှုပ်နှံမှုနှင့်အတူ စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု ဗီယက်နမ်ဒေါင် ၂.၂၅ ထရီလီယံ ကျော်ထိ မြှင့်တင်ပေးနိုင်မည်ဟု သိရပါသည်။ ထိုစီမံကိန်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ နှစ်ငါးဆယ်ကြာ လည်ပတ်မည်ဟု သိရပါသည်။ Hai Phong စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ (HEZA) သည် ၂၀၂၅ ခုနှစ်တွင် ပြည်ပတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု (FDI) အမေရိကန်‌ဒေါ်လာ၃-၃.၅ ဘီလီယံ ဆွဲဆောင်နိုင်ရန်ရည်ရွယ်ထားကြောင်း သိရ ပါသည်။ HEZA ၏ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်တွင် စက်မှုနှင့်စီးပွားရေးဇုန်များသို့ FDI ဝင်ရောက် မှုမှာ အမေရိကန်ဒေါ်လာ ၄.၃၅ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် ထိုဇုန်များသို့ စုစုပေါင်း FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၃၀.၃ ဘီလီယံထိ တစ်ဖြည်းဖြည်းများပြားလာ ပြီး စီမံကိန်းများ၏ ၇၇ ရာခိုင်နှုန်းမှာ နည်းပညာမြင့်များ၊ ကုန်ထုတ်လုပ်ခြင်း၊ ပြုပြင်ထုတ်လုပ် ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့တွင်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဒေသတွင်း စက်မှုနှင့်စီးပွားရေးဇုန်များတွင် လည်ပတ်နေသည့် လုပ်ငန်းများသည် စုစုပေါင်းဝင်ငွေ အမေရိကန် ‌ဒေါ်လာ ၃၃.၅ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏တင်ပို့မှုမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၈.၅ ဘီလီယံရှိခဲ့ပြီး တင်သွင်းမှုမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၂.၈ ဘီလီယံရှိကြောင်း သိရပါသည်။ နိုင်ငံတော်ဘက်ဂျက်သို့ ၎င်းတို့၏အခွန်ငွေပေးဆောင်မှုမှာ အမေရိကန်ဒေါ်လာ ၄၉၄ သန်းရှိကြောင်း သိရပါသည်။ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သား ၂၁၀၁၈၂ ဦး ခန့်အပ်ထားပြီး တစ်ဦးလျှင် ပျမ်းမျှတစ်လလျှင် ဗီယက်နမ်ဒေါင် ၁၁.၅၂ သန်း ရရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)