အင်ဒိုနီးရှားမှနယူးဇီလန်သို့ အမေရိကန်ဒေါ်လာ ၁.၅ သန်းတန်ကြေးရှိသော စတီးလ်များ တင်ပို့

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၅ သန်းတန်ကြေးရှိသော စတီးလ်တန်ချိန် ၁၅၀၀ ကို နယူးဇီလန်နိုင်ငံသို့ ဇန်နဝါရီလ ၁၅ ရက်နေ့ကတင်ပို့ခဲ့ကြောင်း သိရပါသည်။ ကုန်စည် တင်ပို့သည့်အခမ်းအနားကို တက်ရောက်ခဲ့သည့် ကုန်သွယ်ရေးဝန်ကြီး Budi Santosos က အာဆီယံ-ဩစတေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (AANZFTA) ကြောင့် အင်ဒိုနီးရှားသည် စတီးလ်းများအား သွင်းကုန်အခွန်ပေးဆောင်ရန် မလိုအပ်ပဲ နယူးဇီလန်သို့ တင်ပို့နိုင်ခဲ့သည့်အတွက် အခြားနိုင်ငံများနှင့်ယှဉ်ပြိုင်ရာတွင် လွယ်ကူချောမွေ့ခဲ့ကြောင်းနှင့် နယူးဇီလန်နိုင်ငံ၏ တံတားနှင့် လေဆိပ်များအတွက် စီမံကိန်း များ တိုးချဲ့မှုကြောင့် ၎င်းတို့သည် နိုင်ငံအတွက် မြင့်မားသောတန်ဖိုးအလားအလာကောင်းများ ရှိသည့် ဈေးကွက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုအခွင့်အလမ်းကိုဆုပ်ကိုင်နိုင်ရန် အတွက် ဝန်ကြီးသည် အခြားနိုင်ငံများမှထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်ရာတွင် အရေးပါသည်ဟု ယူဆရသည့် ထုတ်ကုန် အရည်အသွေးမြှင့်တင်ရန်အတွက် MSME လုပ်ငန်းများအား တိုက်တွန်း ခဲ့ကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနသည်လည်း နိုင်ငံ၏ရည်မှန်းချက်ဖြစ်သည့် ယခုနှစ်အတွက် စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၄.၄၅ ဘီလီယံ ရရှိရန်အတွက် MSME လုပ်ငန်းမျာအား ပံ့ပိုး ပေးသွားမည်ဟု သိရပါသည်။ ထို့ပြင် ဝန်ကြီးဌာနသည် စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံ ဆွေးနွေးခြင်းနှင့် နိုင်ငံတကာကုန်စည်ပြပွဲများမှတစ်ဆင့် နိုင်ငံ၏ထုတ်ကုန်များကို ကြေညာမြှင့်တင်ရန် ပြည်ပရှိ အင်ဒိုနီးရှားကုန်သွယ်ရေး ကိုယ်စားလှယ် များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရပါသည်။ ဝန်ကြီးက ၎င်းတို့၏ရည်မှန်းချက်သည် MSME လုပ်ငန်းများက ပြည်ပ ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်ဖြစ်ကြောင်းနှင့် PT Gunung Raja Paksi မှ ထုတ်လုပ်သည့် စတီးလ်ထုတ်ကုန်များသည် အခြားလုပ်ငန်းများက နိုင်ငံတကာဈေးကွက်အခွင့်အလမ်းများ လိုက်လံရှာဖွေရန် လှုံ့ဆော်မှုဖြစ်လာရန် မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)