အင်ဒိုနီးရှားသည်နယူးဇီလန်သို့ အမေရိကန်‌‌ဒေါ်လာ ၁.၅ သန်းတန်ဖိုးရှိသော သံမဏိများအား စတင်တင်ပို့

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံသည် ထုထည်ပမာဏ ၁၂၁၀ မတ်ထရစ်တန်ချိန်ရှိသော အမေရိကန် ဒေါ်လာ ၁.၅ သန်းတန် သံမဏိထုတ်ကုန်များအား နယူးဇီလန်နိုင်ငံသ်ို့ ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်တင်ပို့ခဲ့သည်။ နယူးဇီလန်သို့ ယခုတင်ပို့မှုသည် သတ္တမအကြီးဆုံးသံနှင့်သံမဏိ ထုတ်ကုန် များတင်သွင်းသူအဖြစ် အင်ဒိုနီးရှား၏ ရပ်တည်မှုကိုပိုမိုခိုင်မာစေကြောင်း၊ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈.၄ ဘီလီယံအထိ‌ရောက်ရှိခဲ့ကြောင်း Bekasi တွင်တင်ပို့မှုအတွင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က‌ ပြောကြားခဲ့သည်။ ဝန်ကြီးဌာန၏ အဆိုအရ သံနှင့် သံမဏိသည် အင်ဒိုနီးရှားနိုင်ငံ၏ အဓိက ‌ရေနံနှင့်ဓာတ်ငွေ့မဟုတ်သော ကုန်ပစ္စည်းတင်ပို့မှု တွင်ပါဝင်ပြီး ပြီးခဲ့သည့်ငါးနှစ်အတွင်းပျမ်းမျှတိုးတက်မှုနှုန်းမှာ ၃၈.၇၉% ရှိကြောင်းသိရသည်။ ဝန်ကြီးဌာနသည် အထူးသဖြင့် အာဆီယံ-သြစတြေးလျ-နယူဇီလန်လွတ် လပ်သောကုန်သွယ်မှု သဘောတူညီချက်အစီအစဥ်အောက်တွင် အကောက်ခွန် ၀% ကို အကောင်အထည် ဖော်ခြင်းဖြင့် စျေးကွက်တိုးတက်မှုကိုမြင့်တင်ကာ နိုင်ငံတော်၏ သံမဏိ တင်ပို့မှု ကို မြင့်တင်ပေးခဲ့ သည်။ သံမဏိစက်မှုလုပ်ငန်းတွင်ပါဝင်ပက်သက်သူများအား ပံ့ပိုး ကူညီရန်အ တွက်ပြပွဲများ၊ ကုန်သွယ်မှုဆိုင်ရာမစ်ရှင်များ၊ နိုင်ငံတကာဝယ်လတ်များနှင့် စီးပွားရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်မှုတို့မှတစ်ဆင့် ကျယ်ပြန့်သောကုန်သွယ်မှု မြှင့်တင်ရေးတို့ ကိုဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

DOCA(ရန်ကုန်)