စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် ဘေးအန္တရာယ်ကင်းရှင်း စွာသုံးစွဲနိုင်ရေး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာ ကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို စားသုံးသူပြည်သူအားလုံး သိရှိစေရန် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိပါ သည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံသည် (၁၄.၁.၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ ထန်းပေါက်ရွာရှိ ပြည်သူများအား စားသုံးသူအခွင့် အရေးများနှင့် တာဝန်များ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါ သည်။
DOCA(ပဲခူး)