ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်မှ(၃၁)ရက် အတွင်း ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဦးအောင်ထက်သိန်း စိုက်ပျိုးရေးပစ္စည်းဆိုင်သို့ လည်းကောင်း၊ ဦးဇော်ဇော်အောင် ပိုင်ဆိုင်သော အပျိုကြီး စိုက်ပျိုးရေးပစ္စည်းဆိုင်သို့ လည်းကောင်း၊ ဦးမင်းမင်းထွန်း ပိုင်ဆိုင်သော သမာဓိ စိုက်ပျိုးရေးပစ္စည်းဆိုင်သို့လည်းကောင်း၊ ဦးမြင့်သိန်း ပိုင်ဆိုင်သော ပြည်ဟင်္သာဆန်အရောင်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်၊ ပျော်ဘွယ်တန်း လမ်းရှိ ဦးသိန်းထိုက်ဦးပိုင်ဆိုင်သော MK ဆီစက်သို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက်၊ ယွန်းတန်း လမ်းရှိ ဦးစန်းမြင့် ပိုင်ဆိုင်သော သရဖူ ပဲခွဲစက်သို့ လည်းကောင်း၊ ကျောင်းကြီးအိုးတန်းလမ်းရှိ ဦးဇာနည်ထွန်း ပိုင်ဆိုင်သော အမေ့မေတ္တာ ဆန်စက်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးတင်စိုး၊ ကုန်စုံဆိုင်သို့လည်းကောင်း၊  သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ ပြည့်စုံ မှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်း စစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)