ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

          စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့တွင် ဆံတော်ရပ်ကွက်နှင့် ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ အာဟာရဖြည့်စွက်စာ အမျိုးမျိုးနှင့် မြို့မစည်ပင်သာယာဈေးနှင့် ခေတ္တရာမြို့သစ် ဈေးတို့ရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် တည်ကုန်း တောင်ပိုင်းနှင့် မြို့မစည်ပင်သာယာဈေးတို့ရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ် စားသုံးဆီ အမျိုးမျိုးကိုလည်း ကောင်း၊ သရက်တောရပ်ကွက်နှင့် ယွန်းတန်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ အာဟာရဖြည့်စွက်စာ အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် ပန်းတောင်းမြို့ပေါ် ဆေးဆိုင်များသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင် များသို့ ဘူးသွပ် စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် သွားရောက်၍ ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖေါ်ပြချက် များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)