Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဆင်စုရပ်ကွက်ရှိ Online  စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့ပေါ် စတိုးဆိုင်လုပ်ငန်းရှင်များအားလည်းကောင်း၊ ရွှေတောင်မြို့နယ်ရှိ မြို့ပေါ် စတိုးဆိုင်၊ ကုန်စုံဆိုင် လုပ်ငန်းရှင်များအားလည်းကောင်း၊ ပန်းတောင်းမြို့နယ်ရှိ ထုံးဘို အုပ်စု၊ ထုံးဘိုကျေးရွာရှိ ကုန်စုံဆိုင် လုပ်ငန်းရှင်များအားလည်းကောင်း၊ တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်း ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင် များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည် ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေး လုပ်ငန်းရှင် (၆၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)