ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့်အသားများအား ကုန်ဈေး နှုန်း တည်ငြိမ်ရေးအဖွဲ့၏ ကြီးကြပ်မှု့ဖြင့် ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက် (၈:၀၀) နာရီ အချိန်မှစ၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့သည်။ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်ဇေယျ၏ ကြီးကြပ်မှုဖြင့် ထွေအုပ်၊စည်ပင်၊စားသုံးဌာနတို့မှ ဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် ပူးပေါင်းကာအခြေခံစားကုန်များ၊ကုန်ဈေးနှုန်းကြီးမြှင့်မှု့ မရှိစေရေးအတွက် ဆန်၊ဆီ၊အသားနှင့် ကြက်ဥများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံ ပြည်သူများက ဆီနှင့်ကြက်ဥဝယ်ယူမှု့ ပိုများကောင်းသိရသည်။ရောင်းချပေးမှုတွင် ကြက်ဥအလုံး (၁၅၀၀)၊ဆီပိဿာ(၅၀)၊အမဲသား(၁၀)ပိဿာ၊ဝက်သား(၅)ပိဿာနှင့်ဆန် (၁)တင်းခွဲရောင်းချပေး နိုင်ခဲ့ကြောင်း ထိုသို့ရောင်းချပေးခြင်းကို အပတ်စဉ်သောကြာနေ့တိုင်း ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)