OM ဆန်ဈေးများ ကျဆင်းခဲ့ကြောင့် MAFF ဝန်ကြီး Dith Tina ပြောကြား

Powered by Drupal

 

          ခေတ်မီသော စိုက်ပျိုးရေးအသိုက်အဝန်းသည် ဆန်ဈေးနှုန်းကျဆင်းမှုကို တားဆီးရန် အဓိကလုပ်ဆောင်မှုများထဲမှတစ်ခုဖြစ်ကြောင်း MAFF ဝန်ကြီး Dith Tina ကပြောကြားခဲ့သည်။ စိုက်ပျိုရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ဝန်ကြီး Tina က ကမ္ဘောဒီးယားတော်ဝင် အစိုးရသည် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရန်ပျက်ကွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဗီယက်နမ် နိုင်ငံသို့ တင်ပို့လျက်ရှိသော OM ဆန်အမျိုးအစားများ၏ ဈေးနှုန်း ကျဆင်းမှုသည် ပြင်ပအချက်များကြောင့်ဖြစ်ကြောင်း ၎င်းကအလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက 16-1-2025 ရက်နေ့ကကျင်းပပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ပဈေးကွက်ဝယ်လိုအားကြောင့် မကြာသေးမီနှစ်များအတွင်း ခြောက်သွေ့ ရာသီတွင် စပါးစိုက်ဧရိယာများ သိသိသာသာမြင့်တက်လာမှုကို အလေးပေးပြောကြားခဲ့သည်။ ပြည်ပဈေးကွက်တွင် ဝယ်လိုအားများသောမျိုးကွဲများကြောင်းနှင့် စားသုံးသူလိုအပ်ချက်နှင့် မကိုက်ညီသော အမျိုးအစားများ ထုတ်လုပ်မှုကို ကန့်သတ်ခြင်းတို့ကို အသိပညာပေးရန်အတွက် ပူးပေါင်းအသိုက်အဝန်းတစ်ခုဖန်တီးခြင်းဖြင့် အောင်မြင်နိုင်ကြောင်း ဝန်ကြီးက Tina ပြောကြားခဲ့သည်။ ခေတ်မီစိုက်ပျိုးရေးအသိုက်အဝန်းများစွာ တည်ရှိနေသော်လည်း ရည်ရွယ်ချက်မှာ လယ်ယာထွက်ကုန်အမျိုးအစား အားလုံးကိုစုစည်း၍ ပိုမိုကောင်းမွန်သောဈေးနှုန်းညှိနှိုင်းမှု၊ စိုက်ပျိုးရေးစရိတ်များကိုလျော့ချခြင်းနှင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရန်ရည်ရွယ်၍ ပေါင်းစည်းထားသောအသိုက်အဝန်းတစ်ခုထူထောင်ရန်လိုအပ်ကြောင်းထပ်မံပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)