အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Masdar သည် နေရောင်ခြည်၊ လေအားနှင့် ဘတ်ထရီသိုလှောင်မှုစနစ်များတီထွင်ရန်အတွက် ဖိလစ်ပိုင်နှင့် ဒေါ်လာ ၁၅ ဘီလီယံ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် 1 gigawatt သန့်ရှင်းသောစွမ်းအင် အား ရရှိမည်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ရုပ်ကြွင်း လောင်စာများအပေါ် မှီခိုအားထားမှုကို လျှော့ချရန်နှင့် ၎င်း၏ ဓာတ်အားပေးပေါင်းစပ်မှုတွင် သန့်ရှင်းသော စွမ်းအင်မျှဝေမှု တိုးမြင့်လာစေရန် ဖိလစ်ပိုင်၏ ရည်မှန်းချက်နှင့်အညီဖြစ်သည့် Masdar နှင့်ပူးပေါင်းဆောင်ရွက်မှုသည် ဖိလစ်ပိုင်၏ ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်ခရီးအတွက် အသွင်ကူးပြောင်းရေးခြေလှမ်းတစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီး Raphael Lotilla က Masadar နှင့် ပူးတွဲထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းကို ၂၀၃၅ ခုနှစ်တွင် 10 GW အထိချဲ့ထွင်ရန်စီစဥ်ထားကြောင်းစွမ်းအင်ဌာနမှ ပြောကြားခဲ့သည်။ ၎င်း၏လောင်စာလိုအပ်ချက်အများစုကို တင်သွင်းသည့်ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ ဓာတ်အား ပေးဝေရေးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဝေစုကို ၂၀၃၀ ခုနှစ်တွင် ၃၅% နှင့် ၂၀၄၀ ခုနှစ် တွင် ၅၀% မြှင့်တင်ရန်ရည်မှန်းထားသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုပိုမို ခိုင်မာ စေရန်အတွက် ၎င်း၏ အစိမ်းရောင်စွမ်းအင် လေလံအစီအစဥ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လာမည့် လတွင်သိုလှောင်ရေအားလျှပ်စစ် ၃၀၀ မဂ္ဂါဝပ်၊ စုပ်လှောင်ရေအားလျှပ်စစ် ၄၂၅၀ မဂ္ဂါဝပ်နှင့် ဘူမိအပူစွမ်းအင် ၁၀၀ မဂ္ဂါဝပ်တို့ကို လာမည့်လတွင် လေလံတင်ရောင်းချမည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်းသိရသည်။
Source : Reuters
DOCA(ရန်ကုန်)