Royal Group Phnom Penh Special Economic Zone (RGPPSEZ) တွင် တည်ရှိသော လုပ်ငန်းများ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာမြင့်တက်လာခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁,၈၈၀ သန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁,၆၂၁ သန်းမှ ၁၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ RGPPSEZ ကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မတူကွဲပြားသော လုပ်ငန်းများတွင်ထုတ်လုပ်သူများအတွက် အဓိကအချက်အချာဖြစ်ပြီး ကမ္ဘောဒီးယားပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးမည်ဖြစ်မည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။ RGPPSEZ သည် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၃ ခုသည် အခြေစိုက်ခဲ့ပြီး တန်ဖိုးမြင့်ထုတ်ကုန်များ အထူးသဖြင့် လျှပ်စစ်ပစ္စည်းများ၊ မော်တော်ကား တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများထုတ်လုပ်ခြင်းတို့တွင် အဓိကထားလုပ်ဆောင်သည့် ကုမ္ပဏီများဖြစ်ကြောင်းသိရသည်။ RGPPSEZ အဆိုအရ အဆိုပါစက်မှု လုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံသား ၄၇,၈၀၀ နှင့် နိုင်ငံခြားပညာရှင် ၇၀၀ အတွင် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခဲ့ပြီး နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို သိသိသာသာ အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)