EV ကားလောက ကို ဦးဆောင်နေသော Tesla မှ ဒေါ်လာ ၃၀၀၀၀ တန် Model Q ကားကို ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ဖြန့်ချီရန် စီစဉ်ထားကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ အရည်အသွေးကောင်းတန်ဖိုးမြင့်ကားများကိုသာ ထုတ်လုပ်ခဲ့သော Tesla အနေဖြင့် ယခုအကြိမ် ဆန်းသစ်ပြောင်းလဲထားသော တန်ဖိုးနည်း Model Q ကိုထုတ်လုပ်ခြင်းသည် လျှစ်စစ်ကားလောကကို သိမ်းပိုက်ရန် မဟာဗျူဟာအနေဖြင့် ထုတ်လုပ်လာခြင်းလည်း ဖြစ် သည်။
အစိုးရထောက်ပံ့မှုများနှင့်ဆိုလျှင် Tesla ၏ Model Q သည် ၎င်း၏ ပြိုင်ဘက်များ ဖြစ်သော Chevy Equinox EV နှင့် BYD Dolphin တို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး BYD ၏ recommended price ဖြစ်သော ဒေါ်လာ ၃၀၀၀၀ အောက်ဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။ ထို့ပြင် Model Q သည် Model 3 ထက် အလျား ၁၅ ရာခိုင်နှုန်း ပိုမိုတိုတောင်းပြီး ၃၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါးမည်ဖြစ်ရာ အသုံးဝင်မှုနှင့် အမြတ်ရနိုင်စွမ်းလည်း ပိုမိုမြင့်မား လာမည်ဖြစ်သည်။
ဈေးကွက်ဝေစုရရန် Model 3 ကို ဈေးနည်းသက်သာစွာဖြင့် ထုတ်လုပ်ခဲ့သော Tesla သည် သေးငယ်၍အရည်အသွေးထူးခြားကောင်းမွန်သော Model Q ဖြင့် ဈေးကွက်ဝေစု၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုရရှိရန် မျှော်မှန်းထားကြောင်းသိရှိရသည်။ Tesla ၏ မဟာဗျူဟာကျကျထုတ်လုပ်ထားသော Model Q သည် ကုမ္ပဏီ၏ ကမ္ဘာတစ်ဝှမ်းဈေးကွက် ကို အရေအတွက်များစွာ ဖြန့်ချီကာ တန်ဖိုးနည်း လျှပ်စစ်ကားလောကကို သိမ်းပိုက် တော့မည် ဖြစ်သည်။
DOCA(မန္တလေး)