ချောင်းဆုံမြို့နယ်၊ အ.ထ.က (ခွဲ) ဒရယ်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

  ၁၇.၁.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မော်လမြိုင်ခရိုင် ဦးစီးမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် အ.ထ.က (ခွဲ) ဒရယ်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်လှိုင်စန်းမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်မှ ဌာန၏ လက်ရှိအချိန်တွင် ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များကို ဦးစွာပထမ ဟောပြောရှင်းလင်း၍ ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာ ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် ကုန်ညွှန်းအမှတ်အသားများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ အငယ်တန်းစာရေး ဒေါ်ခင်လေးနွယ်က စားသုံးသူတိုင်းရယူခွင့်ရှိသော စားသုံးသူအခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန် (၄) ရပ်တို့ကိုဟောပြောဆွေးနွေး၍ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ် လာပါက စားသုံးသူများမှ လူကိုယ်တိုင်ဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန website မှတစ်ဆင့်ဖြစ်စေ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) တို့တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၂၅) ဦး၊ ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦးတို့တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များအား ​ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)