၁၇.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်ရှိ Nation Mart နှင့် ကန်သာယာရပ်ကွက်အတွင်းရှိ စတိုးဆိုင်များသို့သွားရောက်၍ ကလေးအသုံး အဆောင်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်ဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာ ကလေးအသုံးအဆောင်ပစ္စည်း အမှတ်တံဆိပ် အမျိုးမျိုးတို့တွင် ရေချိုးဆပ်ပြာ၊ Lotion၊ ပေါင်ဒါမှုန့်၊ တစ်ခါသုံးသေးခံ ဘောင်းဘီ၊ Wet Tissue နှင့် သွားတိုက်ဆေး စသောကလေးအသုံးအဆောင် ပစ္စည်းများကို တွေ့ရပြီး ထိုကုန်ပစ္စည်းများတွင် မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုတွဲ၍ ကုန်အညွှန်း အမှတ်အသားများကို ပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချသူ ပြောကြားချက်အရ ကလေးအသုံးအဆောင်ပစ္စည်းဝယ်ယူသူအများစုသည် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသော ပစ္စည်းများကိုသာဝယ်ယူကြပြီး ယနေ့ခေတ် စားသုံးသူ တို့သည် ကြုံရာကလေး အသုံးအဆောင်ပစ္စည်းများကို မသုံးစွဲကြဘဲ ကလေးကျန်းမာရေး အတွက် လုံခြုံစိတ်ချရသော ကုန်စည်များကိုသာ အလေးထားဂရုစိုက် ဝယ်ယူသုံးစွဲကြကြောင်း သိရပြီး၊ မြို့နယ်တာဝန်ခံမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချရန် ကုန်စည်ရောင်းချ သူတို့အား အသိပေးဆွေးနွေးခဲ့ပါကြောင်း သိရသည်။
DOCA(မွန်)