သထုံခရိုင်၊ သထုံမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးထိန်လင်းထွန်းသည် (၂၀.၁.၂၀၂၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် သထုံမြို့ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ လွင်မောင်မောင်ကုမ္ပဏီမှ(ယာဉ်အမှတ် 6J-6791) ယာဉ်မောင်း ဦးမျိုးသန့် မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၄၀)ပေပါ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရောက်ရှိလာသော စားအုန်းဆီများကို သထုံမြို့နယ် အောက်ကျင်းရပ်ကွက်၊ ဘူတာလမ်းရှိ ဒေါ်မင်းမင်းနိုင် ထံသို့ပေပါ (၂၀) ၊ အုတ်ဖိုလမ်းရှိ ဦးခင်ဇော် ထံသို့ ပေပါ (၂၀) ခွဲဝေခဲ့ပြီး ခွဲတမ်းရရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချသွား ရန်နှင့်အလေးချိန်ပြည့်မီစွာ ရောင်းချသွားရန် မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)