အ.ထ.က(၇) ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ( ၂၀ )ရက် နေ့ နံနက်( ၀၉:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ အ.ထ.က(၇) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အ.ထ.က(၇)ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့် ဈေးတန်းများ၌ ရောင်းချနေသော မုန့်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော မုန့်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ အသုပ်စုံ၊ အကင်များရောင်းချနေသူများမှာလည်း  တစ်ခါသုံးလက်အိတ်များ ယင်လုံဇကာများ ဖုံးအုပ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ အစားအသောက်များ     ကိုင်တွယ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန် အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်မုန့်များသာ ဝယ်ယူရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)