ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို မြှင့်တင်ရန် ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ

Powered by Drupal

           ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားတို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ် တီထွင်မှုများကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း ဖိလစ်ပိုင်အမျိုးသား စီးပွားရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအာဏာပိုင်အဖွဲ့ (NEDA) က ၁၇.၁.၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

            NEDA နှင့် Korea Trade-Investment Promotion Agency (KOTRA) တို့သည် ဖိလစ်ပိုင်နိုင်ငံ မြို့တော်၌ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကိုရီးယား-ဖိလစ်ပိုင် စီးပွားရေး ဆန်းသစ်တီထွင်မှုပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (EIPP) ၏ ပထမဆုံး အစည်းအဝေးကို ကျင်းပခဲ့သည်။

         ဖိလစ်ပိုင်နိုင်ငံရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ တိုးတက်ကောင်း မွန်လာစေရန် EIPP မှ ဖော်ဆောင်မည့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ ပရောဂျက်သုံးခုအတွက် ပြည့်စုံသော အစီအစဉ်များကို NEDA က အစီရင်ခံခဲ့သည်ဟု NEDA မှ ပြောကြားခဲ့သည်။

            "ပြီးခဲ့တဲ့နှစ်မှာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေအတွက် လမ်းခင်းပေးဖို့အတွက် ပရိုဂရမ်သုံးခုကို စတင်အကောင်အထည်ဖော်မှာပါ" ဟု NEDA ရင်းနှီးမြှုပ်နှံမှုပရိုဂရမ်အတွက် လက်ထောက်အတွင်းရေးမှူး Joseph Capuno က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)