ဥဇဘက်ကစ္စတန်နိုင်ငံသည် ယမန်နှစ် ၁၁ လအတွင်း အမေရိကန် ဒေါ်လာ ၂၆.၄ သန်းတန်ဖိုး ရှိဇီးသီးများတင်ပို့ခဲ့ကြောင်းပြည်တွင်းမီဒီယာက နိုင်ငံစာရင်းအင်းအေဂျင်စီကိုကိုးကား၍ ၁၆.၁.၂၀၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဥဇဘက်ကစ္စတန်နိုင်ငံ မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဇီးသီးတန်ချိန် ၃၂၉၀၀ တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆.၄ သန်းရှိကြောင်း နိုင်ငံ၏စာရင်းအင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ရုရှားသည် ဥဇဘက်က ဇီးသီး တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး ထုတ်ကုန် ၂၀၇၁၂ တန်ရှိသည်။ ကာဇက်စတန်က တင်သွင်းမှုပမာဏ ၁၀,၅၂၂ တန်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး
ကာဂျစ္စတန်မှဇီးသီး ၁,၄၈၆ တန် ဝယ်ယူခဲ့ပြီး တတိယနေရာတွင်ရပ်တည်လျှက်ရှိသည်။ အစောပိုင်း အေဂျင်စီ၏အဆိုအရ ဥဇဘက်ကစ္စတန်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၃ သန်းတန်ဖိုးရှိ ချယ်ရီသီးများကို တင်ပို့ခဲ့ကြောင်း နိုင်ငံ၏စာရင်းအင်း အေဂျင်စီကို ကိုးကား၍ တနင်္လာနေ့တွင် ဒေသဆိုင်ရာမီဒီယာက ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)