အာဖဂန်နစ္စတန်နိုင်ငံသည် ၉ လအတွင်း ကုံကုမံ အမေရိကန်‌ဒေါ်လာ ၂၉ သန်းကျော်တင်ပို့ခဲ့

Powered by Drupal

          အာဖဂန်နစ္စတန်သည် လွန်ခဲ့သောကိုးလအတွင်း အမေရိကန်ဒေါ်လာ ၂၉ သန်းကျော်တန်ဖိုးရှိသော ကုံကုမံများအားတင်ပို့ခဲ့ကြောင်း အာဖဂန်စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Akhundzada Abdul Salam Jawad က ဇန်နဝါရီ ၁၈ ရက်နေ့က ပြောကြား ခဲ့သည်။ ၁၄၀၃ ခုနှစ်  ပါရှန်းနေရောင်ခြည်နှစ်ကိုးလတာ ကာလအတွင်း (ပါရှန်ပြက္ခဒိန်အရ မတ်လ ၂၀ ရက်နေ့စတင်သော ၁၄၀၃ ခုနှစ်) ‌‌ဒေါ်လာ ၂၉၅၈၈၀၀၀ သန်းတန်ဖိုးရှိသော ကုံကုမံ ၄၂၂၀၀ ကီလိုဂရမ်ခန့်အား တင်ပို့ခဲ့ကြောင်း ပုဂ္ဂလိကမီဒီယာ Tolonews မှ Jawad အဆိုအားကိုးကား၍ ဖော်ပြခဲ့သည်။ အာဖဂန်နစ္စတန်၏ “ရွှေနီ” ဟု လူသိများသောအဖိုးတန် ဟင်းခတ်အမွှေးအကြိုင်များကို အိန္ဒိယ၊ဆော်ဒီအာရေဗီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီ၊ စပိန်၊ ဂျာမနီ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ထံအများစုတင်ပို့ခဲ့ကြောင်း Jawad ပြောကြားချက်အရသိရသည်။ ကုံကုမံများအား အနောက်ပိုင်း Herat ပြည်နယ်တွင်စိုက်ပျိုးလေ့ရှိသည်။ အာဖဂန်နစ္စတန်၏ အဓိကပို့ကုန်များမှာကျောက်မီးသွေး၊ ကုံကုမံ၊ သစ်သီးခြောက်များ၊ လက်ယက်ကောဇောများ၊ အဖိုးတန်နှင့် တစ်ဝက်အဖိုးတန်ကျောက်မျက်များပါဝင်ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)