“ဖြူလေး” ငှက်ပျောကြော်လုပ်ငန်း

Powered by Drupal

          ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ ဦးပုညလမ်း၊ ညောင်ပင်ဈေးရပ်ကွက် တွင် ဒေသထုတ်ကုန်ဖြစ်သော “ဖြူလေး” ငှက်ပျောကြော်လုပ်ငန်းအား ဇလွန်မြို့နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာ မှ (၁၇.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန် တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ထုတ်ပိုးရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ထုတ်လုပ်မှု အခြအနေ၊ အရောင်းအဝယ်ဖြစ်မှု အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ ငှက်ပျောကြော်ပြုလုပ်ရာတွင် ရေသီ ငှက်ပျောအမှည့် ကိုသာ အသုံးပြုပြီး တစ်ဖီးလျှင် ၆၀၀ ကျပ်ဖြင့် ဝယ်ယူရပါသည်။  ငှက်ပျောသီးအမှည့်ကို ဂျစ်ဖြင့် ခြစ်ကာ ရလာသော ငှက်ပျောချပ်များကို ပါဝင်ပစ္စည်းများ အချိုးသင့်ရောစပ်ကာ ဆီများများဖြင့် ကြော်ရပါသည်။ တစ်နေ့လျှင် ငှက်ပျောဖီး(၁၅၀)ဖီး ကြော်ရပြီး ၁၀၀၀/- ကျပ် တန် ၂၅၀ ထုပ် ရရှိ ကြောင်းသိရှိရပါသည်။ တစ်နေ့လျှင်ကုန်ကျစရိတ် ၂ သိန်းခွဲဝန်းကျင် ကုန်ကျပြီး အကျိုးအမြတ် အနေဖြင့် ၄၀၀၀၀/-ကျပ် ဝန်းကျင်ရရှိပါသည်။ နွေဦးကာလများတွင် ဘုရားဖူးလာသူများမှ အိမ်ပြန် လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ် ဝယ်ယူခြင်းကြောင့် ရောင်းအား ပိုမိုကောင်းမွန် ကြောင်း သိရှိရပါသည်။  စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ်  ဝယ်ယူစားသုံးမှုမြင့် တက် လျက်ရှိကြောင်းသိရှိပါသည်။

DOCA(ဧရာဝတီ)