
စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၈.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက် မြို့မဈေး အတွင်းရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ်မြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသောသင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချ နိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေး ချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများ မှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)