ထိပ်ဝကြီး ရှမ်းစု အ.မ.ကကျောင်းတွင် စားသုံးသူကာကွယ်ပေး‌ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့်အတူ ညောင်တုန်းမြို့နယ် ရှမ်းစု(အ.မ.က)ကျောင်း တွင် ကျောင်းသား/သူ၊ ဆရာ/ ဆရာမ(၈၅)ဦးအား (၁၇၊၁၊၂၀၂၅) ရက်နေ့ နံနက် (၁၀၃၀)အချိန်က  စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ ကြ သည်။

            ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးက ချိုမီဇင်(ဒုဦးစီးမှူး)က အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ အမိန် ထုတ်ပြန်ချက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို သိရှိနားလည် စေရန်အချက်များကိုလည်းကောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှု ဆောင်ရွက် ရာတွင် website ၊ Mobile Application Call Center 1535 တို့မှတဆင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း ၊ စေ့စပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများ၊ မအူပင်ခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)