ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်း သက်ဆိုင်ရာဌာနမှ ထောက်ခံချက်မပါရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို ၁၇.၁.၂၀၂၅ ရက်နေ့ နံနက်(၁၀) နာရီအချိန်က မြို့မဈေးအတွင်းနှင့် ရပ်ကွက် ကုန်စုံဆိုင် များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ ရေးဌာန တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်(၇)နှင့် ရပ်ကွက်အတွင်း ကုန်စုံဆိုင် (၅)ဆိုင်ဖြစ်သော အနောက်ပိုင်းရပ်ကွက်ရှိ ဂွမ်းလေးကုန်စုံဆိုင်၊ ထက်မြတ်ထူး ကုန်စုံဆိုင်၊ လင်းလက် ကုန်မျိုးစုံဆိုင် ဘုရင်နောင်လမ်းမပေါ်ရှိ ဦးကျင်ခွေး ကုန်စုံဆိုင်၊ ဒေါ်လှလှဝင်း ကုန်စုံဆိုင် များတွင် သက်ဆိုင်ရာဌာနမှ ထောက်ခံချက် မပါရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ရောင်းချမှုမရှိစေရေးနှင့် ရောင်းချနေမှုအား တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ဆေး ရာတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံစွာ ဖော်ပြထားကြောင်း ရည်ညွှန်းဈေးသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်နှင့် FDA ထောက်ခံချက် ရရှိပြီးမှသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန် သက်ဆိုင်ရာကုမ္ပဏီများသို့ တစ်ဆင့် ပြန်လည် ပြောကြားပေးပါရန် ဆွေးနွေးခဲ့ပြီး စစ်ဆေးရန် ကျန်ရှိနေသည့် ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များသို့လည်း ဆက်လက် ကွင်းဆင်းစစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)