ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး  ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ အရည်အသွေးနိမ့်မြေဩဇာများ ရောင်းချနေမှုရှိ၊ မရှိ  ကွင်းဆင်းစစ်ဆေးခြင်းကို (၁၅.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆိုပါအရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်မှုကို စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ရှိသူ ဦးအောင်ကျော်သက်နှင့်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန  မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အဖွဲ့တို့သည်  ပန်းတနော် မြို့နယ် ဓါတ်မြေဩဇာ အရောင်းဆိုင် များဖြစ်သော အလယ်ပိုင်းရပ်ကွက်ရှိ သိန်းညွှန့် အရောင်းဆိုင်၊ မြင့် အရောင်းဆိုင်နှင့် ရန်ကုန် ပုသိမ်ကားလမ်းမဘေးရှိ ရွှေဝါဝင်း အရောင်းဆိုင် ၃ဆိုင်သို့ သွားရောက်၍  လုပ်ငန်းရှင်များအား ဈေးနှုန်းသက်သာသော အရည်အသွေး နိမ့်မြေဩဇာများကို  ပြန်လည်ထုပ်ပိုးပြီး အတုများပြုလုပ်လျက် ဈေးကွက်ထဲတွင် ဖြန့်ဖြူးရောင်းချ နေခြင်းရှိ၊ မရှိ ကိုစစ်ဆေးခြင်း၊၊ ဈေးနှုန်း မြင့်တင်ရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ဌာနကတားမြစ်ပိတ်ပင်ထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချခြင်း မပြုရန်၊ တရားဝင် မှတ်ပုံတင်ထားသောဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ တင်သွင်း ရောင်းချရန်၊ စိုက်ပျိုးသူ တောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် သုံးစွဲပုံအညွှန်းကို မြန်မာစာဖြင့် တိတိကျကျ ဖော်ပြထား သော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာရောင်းချကြရန်၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော ဓါတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများ ဈေးကွက်အတွင်းတွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေအရ သော်လည်းကောင်း စားသုံးသူကာကွယ်ရေး ဥပဒေ အရသော်လည်းကောင်း အရေးယူခံရ နိုင်ကြောင်း တို့ကို ပန်းတနော်မြို့ စီးပွားရေး လုပ်ငန်းရှင် များအား သွားရောက်ကွင်း ဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။        

DOCA(ဧရာဝတီ)