ဒေးဒရဲမြို့ပေါ်ရှိ မုန့်အမျိုးမျိုးရောင်းချသည့် ဆိုင်များအား ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

         ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့ ၊ နေ့လည် (၁၁:၀၀)နာရီ အချိန်တွင် ဒေးဒရဲမြို့ရှိ  မုန့်အမျိုးမျိုး အရောင်းဆိုင်များအား သက်တမ်းလွန်မုန့်များ ရောင်းချမူမရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပါရှိမူဖြင့်ရောင်းချစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ စစ်ဆေးခြင်းတွင်      မုန့်အမျိုးမျိုးရောင်းချသည့်     ဆိုင်များ၌ ဘီစကစ်မုန့်၊ ပဲပေါင်မုန့်၊ အသင့်စား အကြော်မုန့်၊ ဟော့ဟော့အကြော်စုံတို့တွင် သက်တမ်း မလွန်ခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပါရှိမှုတို့အား စစ်ဆေးခြင်း၊ စားသောက်ကုန် မုန့်များအား ထားသိုရောင်းချသည့် အခြေအနေအား စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)