လူအများစုက ဟင်းချက်ရာမှာ အသုံးများတဲ့ အစိမ်းရောင်ဂေါ်ဖီထုပ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး သားဖြစ်ကြမှာပါ။ ခရမ်းရောင်ဂေါ်ဖီထုပ်က အစိမ်းရောင်ဂေါ်ဖီထုပ်လိုပဲ ပုံပန်းသဏ္ဍာန် ချွတ်စွတ် တူပြီး အရောင်ကွဲပြားနေပါတယ်။ ထိုသို့ အရောင်ကွဲရတဲ့အကြောင်းအရင်းကတော့ စိုက်ပျိုးရာ နေရာဒေသရဲ့ PH ပမာဏပေါ်မူတည်ပြီး ပြောင်းလဲရခြင်းဖြစ်ပါသည်။ ခရမ်းရောင်ဂေါ်ဖီထုပ်တွင် ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖောလိတ်ဓာတ်၊ အမျှင်ဓာတ်များအပြင် အခြားဗီတာမင်နဲ့ သတ္တုဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ ခရမ်းရောင်ဂေါ်ဖီထုပ်က အစိမ်းရောင်ဂေါ်ဖီထုပ်ထက် ဗီတာမင်အေပါဝင်နှုန်း အဆ ၁၀၀ ပိုများ ပါသည်။
ခရမ်းရောင်ဂေါ်ဖီထုပ်စားသုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း၊ သွေးဖြူဥ ဆဲလ်များ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးခြင်း၊ ခန္ဓာကိုယ်ကျစ်လစ်လှပစေခြင်း၊ အရိုးပွရောဂါကို သက်သာစေခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိ မည် ဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် များစွာအကျိုးပြုသော ဂေါ်ဖီထုတ် ခရမ်းရောင် အကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
DOCA(ဧရာဝတီ)