ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန် ချက်အရ မှော်ဘီခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီး ငွေတင် ဦးဆောင်၍ အင်အားဦးစီး (၂+၇)ဦး၊ အမှတ်(၄)လမ်းဆုံ စစ်ဆေးရေးဂိတ်၊ ဗိုလ်မှူးအောင်မျိုးပိုင် ဦးစီး(၁+၆)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင် ဦးစီး(၁+၂)ဦး၊ အမှတ်(၆၄)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်ဇော် ဦးစီး(၁+၅)ဦး၊ တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးအောင်တင်စိုး(ခရိုင်ဦးစီးမှူး) ဦးစီး(၁+၂)ဦး၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနမှ ဒုလဝကမှူး၊ ဦးရမ်းဇအုပ် ဦးစီး(၁+၁)ဦး၊ သစ်တောဦးစီးဌာနမှ တောခေါင်း ဦးစိုးသိန်း၊ အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဦးဝင်းဇော်၊ တပ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ပါ(၅)ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၇.၁.၂၀၂၅ ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်မှ (၁၀:၀၀) အချိန်အထိ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ် များအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။
အဆိုပါ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်တွင် မကွေး၊ ပခုက္ကူ၊ အောင်လံ၊ မြင်းခြံ၊ တောင်တွင်းကြီး၊ ဇီးကုန်း၊ တောင်ငူ၊ မိုးညို၊ ပြည်၊ တိုက်ကြီး၊ မှော်ဘီ၊ မြောင်းတကာတို့မှ ဝင်ရောက်လာသော ကုန်တင်ယာဉ် များတွင် မတ်ပဲ၊ ခရီးသည်၊ ကြက်စာ၊ ကုန်မျိုးစုံ၊ ကုလားပဲ၊ ပဲစဉ်းငုံ၊ ကြက်သွန်၊ ကုန်မဲ့ကားများ အများဆုံးတွေ့ရှိရပြီး တရားမဝင်ကုန်စည်များ လူ၊ လက်နက် များဝင်ရောက်မှုမရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)