စားသုံးဆီအမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

၂၀.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၃၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ City Mart ကျန်စစ်မင်းတွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာရှိ City Mart မှ တာဝန်ခံ ဒေါ်မျိုးမျိုးမြင့်အောင်မှ ပူးပေါင်းပါဝင်လျက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြကြောင်း စိစစ်တွေ့ရှိရပြီး FDA ထောက်ခံ ချက်များလည်းပါရှိကြောင်း၊ ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းကို အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)