ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုအတွက် ကန်ဒေါ်လာ ၂.၆၉ ဘီလီယံသုံးစွဲခဲ့

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဇယ်လောင်စာ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် ၂၀၂၄ ခုနှစ်အတွင်း ၁၂ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန (MoC) မှ ၂၁-၁-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရသိရသည်။ ဒီဇယ်လောင်စာ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၆၉ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ကန်ဒေါ်လာ ၂.၄ ဘီလီယံထက် ၁၂ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဒီဇယ်လောင်စာ အတွက် ကန်ဒေါ်လာ ၁.၄၁ ဘီလီယံ၊ ရေနံအတွက် ကန်ဒေါ်လာ ၉၄၆ သန်းနှင့် သဘာဝဓာတ်ငွေ့ အတွက် ၃၃၄ သန်းသုံးစွဲခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇ ရာခိုင်နှုန်း၊ ၁၁ ရာခိုင်နှုန်းနှင့် ၄၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန(MME) သည် နိုင်ငံအတွင်းရှိ ရေနံထွက်ကုန်များဝယ်လိုအားသည် ၂၀၃၀ ခုနှစ်တွင် တန်ချိန် ၄.၈ သန်းအထိ ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC)  ၏ အစီရင်ခံစာအရ နိုင်ငံတော်သည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း မော်တော်ယာဉ် ကန်ဒေါ်လာ ၁ ဘီလီယံဖိုးတင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ သည်။

DOCA(ရန်ကုန်)