ကမ္ဘောဒီးယားနှင့် တီမောလက်စ်တေတို့သည် စာတိုက်၊ ဆက်သွယ်ရေး၊ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ (ICT) နှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့သတင်း ထုတ်ပြန်ချက်အရသိရသည်။ သဘောတူညီချက်ကိုကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်တွင်ကမ္ဘောဒီးယား စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဝန်ကြီး Chea Vandeth နှင့် Timor-Leste ၏ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး Miguel Marques Goncalves Manetelu တို့အကြား တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကကဏ္ဍလေးခုအား မြှင့်တင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အဆိုပါ အဓိကကဏ္ဍများမှာ စာတိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ အိုင်စီတီနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို မောင်းနှင်ရာတွင် အတွေ့အကြုံများ ဖလှယ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
DOCA(ရန်ကုန်)