ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်သည် အလည်အပတ် ရောက်ရှိနေသော ပါကစ္စတန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Jam Kamal Khan နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဖနွမ်းပင် မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် တွေ့ဆုံစဉ် ဟွန်မာနက်က ကမ္ဘောဒီးယားနှင့် ပါကစ္စတန်ကြား ဆက်ဆံရေးအပေါ် ကျေနပ်အားရမိကြောင်း ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ယူနစ်က သတင်းထုတ်ပြန်ခဲ့သည်။ ပထမအကြိမ် ကမ္ဘောဒီးယား-ပါကစ္စတန် ပူးတွဲကုန်သွယ်မှုကော် မတီအစည်းအဝေးအတွက် Khan ၏ ကမ္ဘောဒီးယားခရီးစဉ်သည် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို တိုးချဲ့ရုံသာမက အခြားသော အလားအလာရှိသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ နည်းပညာ၊ ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူချင်း ဆက်ဆံမှု အပါအဝင် အဓိက ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ခိုင်မာရေးနှင့်တိုးချဲ့ရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Hun Manet သည် ကမ္ဘောဒီးယားပြည်သူ များ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးသည့် ပုဂ္ဂလိကကဏ္ဍ အောင်မြင်စေရန်အတွက် ကမ္ဘောဒီးယားအစိုးရ၏ ပံ့ပိုးကူညီမှုနှင့် အစီအမံများအကြောင်း အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပါ သည်။ တွေ့ဆုံစဉ်အတွင်း Khan က ပါကစ္စတန်နှင့် ကမ္ဘောဒီးယားကြား ခိုင်မာသော ဆက်ဆံရေး အပေါ် ကျေနပ်အားရကြောင်း ပြောကြားခဲ့ပြီး ယင်းတိုးတက်မှုသည် နှစ်နိုင်ငံကြား နယ်ပယ်အသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည်ဟု ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ Khan သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် အတွက် သုံးရက်ကြာ ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀.၁.၂၀၂၅ ရက်နေ့က ရောက်ရှိခဲ့သည်။
DOCA(ရန်ကုန်)