ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုအတွက် အမေရိကန်‌ ‌ဒေါ်လာ၂.၆၉ ဘီလီယံသုံးစွဲခဲ့

Powered by Drupal

          ကမ္ဘောဒီယားနိုင်ငံမှ ဒီဇယ်လောင်စာဆီ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် ၁၂% လာကြောင်းကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ ဒီဇယ်လောင်စာ၊ ရေနံဆီနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၂.၆၉ ဘီလီယံရှိပြီး ၂၀၂၃ ခုနှစ်၏ ၂.၄ ဘီလီယံထက် ၁၂% တိုးလာကြောင်းအစီအရင်စာကဆိုသည်။ ကမ္ဘောဒီယားနိုနိုင်ငံသည် ၂၀၂၄ ခုနှစ် တွင် ဒီဇယ်လောင်စာအတွက် ဒေါ်လာ ၁.၄၁ ဘီလီယံ၊ ရေနံဆီအတွက် ‌ဒေါ်လာ ၉၄၆ သန်းနှင့်ရေနံ ဓာတ်ငွေ့တွင်ဒေါ်လာ ၃၃၄ သန်းသုံးစွဲခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇%၊ ၁၁% နှင့် ၄၂% တို့ အသီးသီး တိုးတက်လာခဲ့ကြောင်း အစီအရင်ခံစာ အရ သိရသည်။ လက်ရှိတွင်ကမ္ဘောဒီးယားသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုအပေါ် လုံးဝမှီခိုနေရသည်။ သတ္တုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကမ္ဘောဒီးယားနိုင်ငံရှိ‌ ရေနံထွက်ကုန်များ ဝယ်လိုအားသည် ၂၀၂၀ ခုနှစ်၏ တန်ချိန် ၂.၈ သန်းမှ ၂၀၃၀ ခုနှစ်တွင်တန်ချိန် ၄.၈ သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့က စက်သုံးဆီဆိုင်များ ရှိဆီ‌စျေးနှုန်းမှာ တစ်လီတာလျှင် ၄၀၅၀ riels ရှိကြောင်းသိရသည်။ ကမ္ဘောဒီးယား စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီအရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံ သည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ မော်တော်ယာဉ် အမျိုးအစား များစွာကို တင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၆% တိုးတက်လာခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)