တောင်ငူခရိုင်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ ဆန် ဆီ သားငါး ကြက်ဥ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောနှုန်းထားဖြင့်ရောင်းချပေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ ဆန်၊ ဆီ၊ သားငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

              ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့ ဘိုးတော်ကုန်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ရေတာရှည်မြို့နယ် ဆန်ကုန်သည်နှင့်ဆန်စက်ပိုင်ရှင်များက ဆန် ၃ အိတ်၊ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ ပိဿာ ၅၀၊ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက  ကြက်သား ၅ ပိဿာ၊ ငါးမြင်း ၅ ပိဿာ၊ ဆိတ်သား ၅ ပိဿာ၊ ဝက်သား ၅ ပိဿာနှင့် ကြက်ဥ အလုံး ၃၀၀ နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

             ထို့အတူ ညနေပိုင်းတွင် တောင်ငူမြို့ ပြည်တော်သာလမ်း ဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ဆန်၊ ဆီ၊ သားငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)