အမေရိကန်၏ အကောက်ခွန်မြှင့်တင်နိုင်ချေက ထိုင်းနိုင်ငံအတွက် သက်ရောက်မှုနည်းပါးရန် မျှော်လင့်

Powered by Drupal

          ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ အကောက်ခွန်မူဝါဒများ၏ အဓိကရည်ရွယ်ချက် မဟုတ်သောကြောင့် အမေရိကန်၏ အကောက်ခွန်နှုန်းထား တိုးမြှင့်မှုများသည် နိုင်ငံ၏ ပို့ကုန် များ အပေါ် သက်ရောက်မှုနည်းပါးမည်ဟု Citibank Thailand က မျှော်လင့်ကြောင်း သိရပါ သည်။ ဘဏ်၏ စီးပွားရေးပညာရှင်ဖြစ်သူ Nalin Chutchotitham က ထိုင်းနိုင်ငံသည် ဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးအဖွဲ့အောက်တွင် အမေရိကန်အကောက်ခွန်များကို သွယ်ဝိုက်သော နည်းဖြင့် သက်ရောက်မှုခံစားရနိုင်ကြောင်း၊ သို့သော် အမေရိကန်၏ တရုတ်အပေါ် အလား အလာရှိသော အကောက်ခွန်မြှင့်တင်မှုသတိပေးချက်အပေါ် စောင့်ကြည့်ရန်လိုကြောင်းနှင့် တရုတ်နှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်ရေးချိတ်ဆက်မှုများကြောင့် အမေရိကန်၏ တရုတ် အပေါ် အကောက်ခွန်သည် ထိုင်းနိုင်ငံ၏ ပို့ကုန််များကို သွယ်ဝိုက်သက်ရောက်စေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်၏မူဝါဒများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာ မရေရာ မှုများကို မြင့်တက်စေနိုင်ပြီး ထိုင်းနိုင်ငံ၏ ကုန်သွယ်‌ရေးမိတ်ဖက်များအား ကုန်သွယ်ရေးဖိအား နှင့် ဝယ်လိုအားနည်းပါးမှု ဖြစ်ပေါ်စေရန် မျှော်မှန်းရကြောင်း သိရပါသည်။ အကောင်းဘက် ကရှုမြင်ပါက ဘဏ်သည် ထိုင်းနိုင်ငံ၏ GDP တိုးတက်နှုန်းကို ၂၀၂၄ ခုနှစ်တွင် ၂.၇ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်းထိ မြင့်တက်သတ်မှတ်ထားကြောင်း သိရပါသည်။ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ ကြောင့် စီးပွားရေးနာလံထူရန် မျှော်လင့်ရကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ် အဖွဲ့ ခွင့်ပြုထားသည့်စီမံကိန်းများ အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ် များ၊ ဒေတာစင်တာများ နှင့် အစားအစာပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများကြောင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ အရှိန် မြင့်တက်လာရန် မျှော်လင့်ရကြောင်း သိရပါသည်။ Ms Nalin က ခရီးသွားကဏ္ဍသည် ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးကြီးထွားမှုအတွက် အဓိက မောင်းနှင် အား နေရာတွင် ဆက်လက် ရပ်တည်နေမည်ဟု ပြောကြားခဲ့ပါသည်။ Citi က၂၀၂၅ ခုနှစ်တွင် ပြည်ပခရီးသွား ၃၉.၈ သန်း လာရောက်လည်ပတ်ပြီး တစ်ဦးလျှင် ၁၂၉၈ အမေရိကန်ဒေါ်လာ သုံးစွဲရန် မျှော်မှန်းထားကြောင်း သိရပါသည်။ ခရီးသွားကဏ္ဍမှ ဝင်ငွေရရှိမှုသည် GDP ၏ ၉.၃ ရာခိုင်နှုန်းရှိမည် ဟုခန့်မှန်းထား ကြောင်း သိရပါသည်။ Citi Group ၏ ထွန်းသစ်စ ဈေးကွက် စီးပွားရေးအကြီးအကဲနှင့် အာရှ စီးပွားရေးပညာရှင်အကြီးအကဲ ဖြစ်သူ Johanna Chua က ဘဏ်သည် အမေရိကန်မှ တရုတ် အပေါ် အကောက်ခွန်မြှင့်တင်မှုကို ဈေးကွက်ခန့်မှန်းကြသည့် ၆၀ ရာခိုင်နှုန်းထက်နည်းပါးကာ ပျမ်းမျှ ၁၅ ရာခိုင်နှုန်း မြှင့်တင်ရန် မျှော်လင့်ကြောင်းနှင့် အကောက်ခွန်သည် အမေရိကန်နှင့် ဗျူဟာမြောက်ပစ်မှတ်ထားသည့် နိုင်ငံများကြား ဆွေးနွေးရန်အကြောင်းကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Citi သည် တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကြောင့် အာရှ၏စီးပွားရေး ကြီးထွားမှုကို ၂၀၂၄ ခုနှစ်တွင် ၄.၈ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၄.၃ ရာခိုင်နှုန်း ထိလျှော့ကျ ခန့်မှန်းထားကြောင်း သိရပါသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးကြီးထွားမှုမှာ ၂၀၂၄ ခုနှစ်တွင် ၅ ရာခိုင်နှုန်း မှ ၂၀၂၅ ခုနှစ်တွင် ၄.၂ ရာခိုင်နှုန်းသို့ ကျဆင်းရန် မျှော်မှန်းရကြောင်း သိရပါသည်။

Bangkok Post                                              

DOCA(ရန်ကုန်)