UNCTAD ခေါင်းဆောင်က ကမ္ဘာ့ကုန်သွယ်ရေးတွင် ဗီယက်နမ်၏ အခန်းကဏ္ဍကို အသားပေးပြောကြား

Powered by Drupal

         ဗီယက်နမ်သည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုက ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ အားဖြည့်နိုင်ခြင်း၏ အကောင်းဆုံးဥပမာအနေဖြင့် ပေါ်ထွက်လာကြောင်း ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု ကုလသမဂ္ဂကွန်းဖရန့်(UNCTAD) အတွင်းရေးမှူးချုပ် Rebeca Grynspan က ပြောကြားခဲ့ပါ သည်။ ၅၅ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်နှစ်စဉ် အစည်းအဝေးမတိုင်မီ ဆွစ်ဇာလန်အခြေစိုက် ဗီယက်နမ်သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် Grynspan က UNCTAD က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားဖြစ်ပြီး ဗီယက်နမ်ကနမူနာအဖြစ်ပြသရန် အလာအလာရှိနေသည်ကို ထောက်ခံကြောင်း၊ ဗီယက်နမ်၏  ပြည်သူလူထုသက်သာချောင်ချိရေးမြှင့်တင်ရန်နှင့် တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အားထုတ်မှုများကို အထင်ကြီးကြောင်းနှင့် ပညာရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်ပင်လယ် ဆိပ်ကမ်း၊ ဆန်းသစ်တီထွင်မှုတို့သည် နိုင်ငံ၏ စီးပွားရေးကြီးထွားမှု၏ အဓိကဒေါက်တိုင်များ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ စီးပွားရေးဖိုရမ်အစရှိသည့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်များတွင်  ဗီယက်နမ်၏ တက်ကြွစွာပါဝင်မှု ကလည်း ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအတွက် ၎င်းတို့၏ အာမခံချက်ရှိမှု၏ သက်သေတစ်ခုဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးသည် ဗီယက်နမ်အတွက် ၎င်းတို့၏ အောင်မြင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုပုံစံတို့ကို ကမ္ဘာနှင့်အတူ ဝေမျှရန်နှင့် ပြသရန် အကောင်းဆုံးစင်မြင့်တစ်ခုဖြစ်ကြောင်း Grynspan က မှတ်ချက်ပြုခဲ့ ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)