မကွေးမြို့၊ မြို့မစျေးရှိ ချင်းပေါက်လက်လီအရောင်းဆိုင်များနှင့် ပင်ရင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် စျေးကွက်အတွင်းရှိ ကုန်စည်များနှင့် စျေးကွက်မရောက်မီကုန်စည်များအား စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာမကွေးမြို့နယ်တာဝန်ခံသည် (၁၆.၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း ပြီး မကွေးမြို့၊ မြို့မစျေး၌ ချင်းပေါက်လက်လီအရောင်းဆိုင် (၅)ဆိုင်နှင့် ချင်းပေါက်ပင်ရင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် မကွေးမြို့၊ သိင်္ဂါရပ်ကွက်နှင့် မြို့ဟောင်းရပ်ကွက်ရှိ လုပ်ငန်းရှင် (၇)ဦးထံသို့ ကွင်းဆင်းပြီး ချင်းပေါက်နမူနာများဝယ်ယူ၍ ချင်းပေါက်များ၌ အစားအစာများတွင် သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေးများ သုံးစွဲထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

          ချင်းပေါက်လက်လီအရောင်းဆိုင်ရှင်များနှင့် ချင်းပေါက်အဓိကထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား အစားအစာများတွင် သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေး သုံးစွဲခြင်းဖြင့် စားသုံးသူများ မျက်မြင်ပသာဒဖြစ်ဖွယ် အရောင်လှပသော်လည်း ရေရှည်တွင် ကျန်းမာရေးအား ထိခိုက် နိုင်သဖြင့် သဘာဝအတိုင်း ကျောက်ချဉ်သာသုံးစွဲရန်၊ ခွင့်မပြုချွတ်ဆေး Sulfiting Agent များ သုံးစွဲ ထားကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် စီမံခန့်ခွဲရေးနည်းလမ်းအရ ဝန်ခံကတိပြုလက်မှတ် ရေးထိုးစေခြင်းနှင့် ထပ်မံသုံးစွဲကြောင်း စိစစ်တွေ့ရှိရပါက လုပ်ငန်းပိတ်သိမ်းသည့်အထိ သက်ဆိုင်ရာ ဌာနဥပဒေများဖြင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)