ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပြီး (၁၆.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချ ရမှုရှိစေရန် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရေးအတွက် ဆိပ်ဖြူမြို့ ပတ္တမြား ဈေးအတွင်းရှိ စားသုံးဆီ ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

         ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ ဈေးကွက်တွင် ပဲဆီ၊ နှမ်းဆီတို့ကို ရောစပ်ရောင်းချနေခြင်းများလည်း ရှိရာ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေဘဲ စားသုံးသူများအား ရှင်းလင်းမြင်သာစွာ သိရှိစေရေး အတွက် စားသုံးဆီအမျိုးအစားတစ်ခုချင်းစီ၏ ရောစပ်မှုအချိုးအစားအလိုက် ဝယ်ယူစားသုံးသူများ အခြေခံစိတ်ကျေနပ်မှုရရှိစေရေးအတွက် မှန်ကန်စွာဖြင့် ဖော်ပြရောင်းချစေရေး၊ အချင်အတွယ်မှန်ကန် စေရေးနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ရောင်းချသောဆိုင်ရှင်များ အနေဖြင့် စားသုံးဆီများကို ဘူးဖြင့်ရောင်းချရာတွင် ကုန်စည်ပေါ်တွင် ကုန်ပစ္စည်းအမျိုးအမည်ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရောင်းချရေး အသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)