လက်ပံတန်းမြို့ဖွဲ့နုဈေးကွက်အခြေအနေ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်း ရှိဆန်စက်များကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့် ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နိုဝင်ဘာလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၁၀ ကျပ်ဖြစ်ပြီး၊ ဖွဲနု ၆၅ ပေါင်တစ်အိတ် လျှင် ၂၀၁၅၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင် ၃၂၅ ကျပ်ပေါက်ဈေးသာရှိနေကြောင်း၊ ဖွဲနု ၆၅ ပေါင် တစ်အိတ်လျှင် ၂၁၁၂၅ ကျပ် ဈေးဖြင့်လက်လီရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့်ယခုလ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒေသတွင်လိုအပ်ချက်များသောကြောင့် ဈေးနှုန်းသည် အတက်ဘက်သို့ ဦးတည်သွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)