မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာတွင် ထိုင်ဝမ်ကန်စွန်းကို မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။ ထိုင်ဝမ်ကန်စွန်း စိုက်ပျိုးရန် အတွက် မြေအကျယ် အလျား၁၅ပေ၊ အနံ ၁၅ပေ ပတ်လည်ကို အနက်၅ပေ၊ ၆ပေ တူးပြီး အောက်ခြေတွင် ကျောက်စလစ်လောင်းပြီး မြေသားမာရန်အတွက် အုတ်ကြမ်းစီပြီး ရေသွင်းရေထုတ် ကောင်းမွန်စေရန် စီမံဆောင်ရွက်ပြီး ရေမှော်အနည်းငယ်ခင်း၍ ထိုင်ဝမ်ကန်စွန်းမျိုး 1kg ကို ၅ရက် ရေစိမ်ပြီး ရေမှော်များပေါ်တွင် စတင်စိုက်ပျိုးကြရပါသည်။ စိုက်ပျိုးပြီး၁၀ရက် ၁၅ရက်ခန့်တွင် ကန်စွန်းအပင်ပေါက်များ ရှင်သန်ကြီးထွားစွာပေါက်ရောက်နေပြီဖြစ်ပါသည်။ စတင်စိုက်ပျိုးပြီး ရက်သတ္တပတ် ၇ပတ်-၈ပတ်အကြာတွင် ရေသန့်တစ်ကြိမ်လဲလှယ်ပြီး ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ပထမအကြိမ် စတင်ခူးဆွတ်ချိန်တွင် လက်စုတ်စီးတစ်စီးလျင် ၅၀၀/-ကျပ်နှုန်းဖြင့် စားသောက်ဆိုင် များမှ ဝယ်ယူ လျက်ရှိပါသည်။ စတင်ခူးဆွတ်ချိန်တွင်၁ရက်လျှင် ၁၀စီး-၁၅စီး ရရှိပြီး ၃-၄ရက်ကြာ ခူးဆွတ်ပါကအစီး ၂၀-၂၅စီးအထိ ခူးဆွတ်နိုင်ပါသည်။ ကန်စွန်းမျိုး1kg စိုက်ပျိုးပြီး စတင်ခူးဆွတ် ချိန်မှ ၅လဝန်းကျင် တစ်ပတ်လျင် ၂-၃ကြိမ်ခူးဆွတ်နိုင်ပြီး တစ်ကြိမ်လျှင် မိသားစုဝင်ငွေ ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်ထိ ရရှိပြီး တစ်လလျှင် ၁၅၀၀၀၀ မှ ၂၀၀၀၀၀ ကျပ်ထိ ပုံမှန်ဝင်ငွေရရှိပြီး လူအင်အား အနည်းငယ်နှင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် ထိုင်ဝမ်ကန်စွန်းမျိုးအားစိုက်ပျိုးသင့်ပါ ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)