ရွှေဖရုံသီးဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

ရွှေဖရုံသီးကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ အောက်မြန်မာပြည်ဒေသများတွင် ရွှေဖရုံသီးကို အနည်းအကျဉ်းသာ စိုက်ပျိုး လျက်ရှိပြီး အေးသောရာသီများတွင်လည်း စိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးကိုဟင်းချက်၍ သော် လည်းကောင်း သရေစာမုန့်၊ စွတ်ပြုတ်ပြုလုပ်၍လည်းစားသုံးနိုင်ပြီး၊ ရွှေဖရုံသီးမှရရှိသည့် ရွှေဖရုံ စေ့လှော် ပြု လုပ်၍လည်းကောင်း အပွင့်၊ အညွန့်နှင့်အရွက်တို့ကိုကြော်၍သော်လည်းကောင်း အသုတ်သုတ်၍ သော်လည်းကောင်း ချက်ပြုတ်စားသုံးနိုင်ပါသည်။ ရွှေဖရုံသီးတွင်ယေဘူယျအားဖြင့် ဗီတာမင်အေ၊ ပရိုတင်း (အသားဓာတ်)၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ပိုတက်စီယမ်နှင့် သတ္တုဓာတ်များစွာပါဝင်ပြီး အများဆုံးပါဝင်နေသည့် အာဟာရဓာတ်မှာ ဗီတာမင်အေဖြစ်ခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုး များစွာပေးသည့်သီးနှံတစ်မျိုးဖြစ်ပါသည်။ အရသာချိုချိုလေးရှိပြီး အာဟာရဓာတ်များစွာ ပါဝင်နေခြင်းကြောင့်  စားသုံးပေးသင့်သောအသီးတစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့ရှိ ကုန်စိမ်း ဈေးများမှ လက္ကားဝယ်ယူပြီး  ဈေးအသီးသီးတွင်လက်လီပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။ လက္ကားဈေးတွင် ရွှေဖရုံသီးအသေး တစ်လုံး (၁၀၀၀) ကျပ်၊ အကြီးတစ်လုံးလျှင်(၂၀၀၀) ကျပ်နူန်းဖြင့် အရွယ်အစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တစ်ဆင့်ပြန်လည်ဝယ်ယူရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)