မြင်းခြံခရိုင်၏မိုးကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

မြင်းခြံမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး မိုးနည်းရေရှားရပ်ဝန်းဒေသ ဖြစ်သော်လည်း ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိ၍ ဆည်မြောင်းများအသင့်အတင့်ရှိပြီး၊   မိုးကောင်းသောက် ယာမြေများတွင် ပဲစဉ်းငုံ ၊ ကုလားပဲ၊ နှမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်းနှင့် ကြက်သွန်နီ သီးနှံများစိုက်ပျိုးကြပါသည်။ မိုးကြက်သွန်နီကို ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် ထွက်ပေါ်လေ့ ရှိသည်။ မိုးကြက်သွန်နီသည် နွေကြက်သွန်နီ မပေါ်သေးခင် စပ်ကြားစားသုံးရန် အစားထိုး စိုက်ပျိုးသော သီးနှံဖြစ်ပြီးမတ်လကုန်တွင် ရာသီကုန်ပြီးဈေးကွက်မှ ပျောက်ကွယ်သွားပြီဖြစ်သည်။ မြင်းခြံခရိုင်တွင် မိုးကြက်သွန်နီစိုက်ဧက (၁၅၉၂)ဧက၊ စိုက်ပျိုးထားရှိပြီး၊  ထွက်ရှိမှုမှာလည်း ပိဿာ ချိန်သိန်းပေါင်း(၃၂၀)ကျော် ထွက်ရှိသည်။ ယခုတစ်ပတ် မိုးကြက်သွန်နီ  အကြီးစတစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ( ၂၆၀၀) ကျပ်၊ အလတ်စတစ်ပိဿာလျှင်( ၁၉၀၀) ကျပ်မှ (၂၃၀၀) ဖြစ်ပြီး၊ အသေးစ တစ်ပိဿာလျှင် (၇၀၀) ကျပ် (၁၇၀၀) ကျပ် ဖြင့် ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်ခဲ့သည်။

          ယခင်တစ်ပတ်မိုးကြက်သွန်နီအကြီးစ တစ်ပိဿာလျှင် (၂၈၀၀) ကျပ်မှ (၃၂၀၀) ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ် ဖြစ်ပြီး၊ အသေးစ တစ်ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၇၀၀)ကျပ် ဖြင့် ဈေးကွက်တွင်အရောင်းအဝယ်များဖြစ်ခဲ့‌ကြောင်းသိရှိရပြီး၊ အကြီးစတစ် ပိဿာလျှင် (၄၀၀) ကျပ်မှ(၆၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၁၀၀) ကျပ်မှ (၂၀၀)ကျပ်ထိ ဈေးနှုန်း ကျဆင်းခဲ့ပြီး အသေးဈေးမှာပြောင်းလဲမှုမရှိကြောင်းနှင့် ကြက်သွန်နီ၏ အရွယ်အစား၊ အရည်အသွေးပေါ်မူတည်၍ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့သည်။ အဓိကဈေးကွက်အနေဖြင့်ရန်ကုန် ဘုရင့်နောင်သို့အများဆုံးတင်ပို့ပြီး တစ်ရက်လျှင်( ၁၂)ဘီးကား (၂ )စီးမှ(၃) စီးအထိတင်ပို့ပြီး၊ ပိဿာ ချိန်အနေဖြင့် (၁၃၄၇၂) ပိဿာမှ (၂၀၂၀၉) ပိဿာကျော် တင်ပို့လေ့ရှိကြောင်းသိရှိရပြီး မန္တလေး၊ နေပြည်တော်နှင့်မော်လမြိုင်မြို့များ သို့လည်း နှစ်ရက်ခြား သုံးရက်ခြားတင်ပို့ကြောင်း ကြက်သွန် အရောင်းအဝယ်လုပ်ကိုင်သူ ကုန်သည်တစ်ဦး၏ပြောပြချက်အရ သိရသည်။

DOCA(မန္တလေး)